မသိဆိုတာနဲ့ လွတ်နိုင်ရိုးလား  

Posted by sweety in

မော်တော်ယာဉ်အား ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းရသည့် ဥပဒေအပေါ် ရှင်းလင်းချက်

၁၉၉၃ ခုနှစ်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၄(က)၏ ပြဌာန်းချက်အရ  ပုဒ်မ၁၆ မှ ပုဒ်မ၂၁ ထိ ပြဌာန်းထားသော  ပြစ်မှုတစ်ရပ်ရပ်ဖြင့်  ပြစ်ဒဏ်ချမှတ်လျှင် ပြစ်မှုနှင့်သက်ဆိုင်သည့်ယာဉ်ကို ပြည့်သူ့ဘဏ္ဍအဖြစ် သိမ်းယူသည့်အမိန့် ချမှတ်ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးဝှက်၍ သယ်ဆောင်လာခြင်းကို ယာဉ်ပိုင်ရှင်အနေဖြင့် မသိနိုင်လျှင် ယာဉ်ကို ပြည်သူ့ဘဏ္ဍအဖြစ်  မသိမ်းဘဲ ပိုင်ရှင်အား ပြန်ပေးနိုင်သည်ဟု ဆိုလိုခြင်းမဖြစ်နိုင်ပေ ။

ယခုကဲ့သို့ အထူးဥပဒေ (၁၉၄၇ -ခုနှစ် ၊ အရေးကြီးပစ္စည်းများနှင့် ဆောင်ရွက်မှုဆိုင်ရာ ဥပဒေ) အရ စွဲဆိုသောအမှုတွင် သက်သေခံ ပစ္စည်း မော်တော်ယာဉ်ကို တရားရုံးချုပ်က ယာဉ်ပိုင်ရှင်အားပြန်ပေးရာ တရားရုံးချုပ် စုံညီခုံရုံးက ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် စိုးမြင့်နိုင်ပါ ၄၀ မှု (၁၉၉၁ မတစ ၅၃) တွင် အောက်ပါအတိုင်း အသေးစိတ် ညွှန်ပြ၍ ယာဉ်ကို ပြည့်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။

ဥပဒေနှင့် ငြိစွန်းသောပစ္စည်းများ သယ်ယူပို့ဆောင်ရာ၌ မိမိမော်တော်ယာဉ်ကို  အသုံးပြုသည့်ကိစ္စအား ပိုင်ရှင်ဖြစ်သူက မသိသည်ကို အကြောင်းပြုပြီး ယင်းမော်တော်ယာဉ်ကို ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းယူခြင်းမပြုနိုင်ဟူသော တရားသေသတ်မှတ်ထားသည့် ဥပဒေမရှိချေ။

ယာဉ်ပိုင်ရှင်တို့သည် ယာဉ်မောင်းအစရှိသော မိမိတို့၏ အလုပ်သမားများအား ဥပဒေနှင့်ငြိစွန်းသည့် ကုန်ပစ္စည်းများ မသယ်မိစေရန် ပိုမိုကြီးကြပ်ကွပ်ကဲရန်  တာဝန်ရှိသည်။

ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသောပစ္စည်းကို ဖျက်ဆီးခြင်း (သို့မဟုတ်) ပြည့်သူ့ဘဏ္ဍအဖြစ် သိမ်းယူခြင်းသည်လည်း ထိရောက်သော အရေးယူမှု၏  တစ်စိတ်တစ်ဒေသဖြစ်သည်။

အထက်ပါအတိုင်း တရားရုံးချုပ် စုံညီခုံရုံး၏ သုံးသပ်ချက်ကို  မှတ်သားနားယူပြီး မိမိတို့ မော်တော်ယာဉ်အား တစ်စုံတစ်ဦးသို့ ငှားရမ်းခြင်း၊ မောင်းစေခြင်းများကို လက်လွတ်စပယ် ပေါ့ပေါ့တန်တန် မပြုလုပ်သင့်ကြောင်း သတိချပ်သင့်လှပေသည် ။

ဦးသန်းညွှန့်မောင် (တရားရုံးချုပ်ရှေ့နေ) ရေးသော စာအုပ် မှ ကောက်နှုတ်ဖော်ပြသည်။

 

Posted by sweety in

ရင်ဘတ်ထဲမှာ တွေဝေမှုတွေနဲ့ မသေချာသေးတဲ့ ဆုံးဖြတ်မှုတွေ... ပျင်းရိနေတဲ့နေ့ရက်လိုလို... ကြောက်ရွံနေတာလား ...  ဘာအတွက်နဲ့ ဒီလောက်မောဟိုက်စေတဲ့ လှိုင်းတွေထဲကိုမှ ဇွတ်ခုန်ချ  လှိုက်ပြီးမောအောင် ကူးချင်နေတာလဲ  နေ့စဉ်ဘ၀တဲ့လား

နေ့တိုင်း ဘ၀ထဲမှာ ကိုယ်ကျင့်သိပ်ခါဆိုတဲ့ကောင် ပျောက်နေတယ် ။သံယောဇဉ်ဆိုတဲ့ကောင်ကျတော့ ကပ်နေလိုက်တာ ဘယ်လိုခွာခွာမသွားဘူးလေ။ စိတ်တွေပူအောင်အဲဒီကောင်လှည့်စားတယ်။ သူကစားသမျှ ကျွန်တော်ရွေ့နေမိတယ်... အဲဒီအတွက်လည်း ကိုယ့်ကို ကိုယ်မုန်းတယ်။

အထီးကျန်သလို ဒီရက်ပိုင်းပိုပြီးခံစားရတယ် ။ ကျွန်တော်ပြောသမျှ ပြန်မပြောနားမထောင်နေ နေတယ်။ အရူးတစ်ယောက်လိုပါဘဲ .. တစ်ခါတစ်လေရီရတယ် ။ အကြောင်းပြချက်ရှာပြီးမောလှပြီလို့ ဟန်ဆောင်ပြောချင်နေသေး ။ တစ်ခါတစ်လေ အခုအကြောင်းကို ကြိုသိသလို ဆရာမကြီးစတိုင်နဲ့ ကြိုတွေးပြီးရီနေတဲ့ကောင်က  မသိတော့ဘူးဆိုရင် အသက်နှစ်ဆယ့်ငါးဆိုတာကိုမေ့ပြီး ဆယ်ကျော်သက်ပြန်ဖြစ်ချင်နေတုန်း.... ဒါပေမယ့် မတင့်တယ်ဘူးဆိုတာ ကျွန်တော် ဇွတ်မှိတ်မေ့ထားလိုက်တယ်။

ဖြစ်ချင်တာတွေဘယ်လောက်ရှိရှိ ခြေလှမ်းမှန်မှန်နဲ့ ပဲသွားမယ်လို့တွေးတောသလိုလိုနဲ့ .. ခုန်ဆွ ခုန်ဆွ မောအောင်ခုန်နေပေမယ့် ဘယ်မှမရောက်တာ သနားစရာကောင်းတယ် ။လူ့မလိုင်တွေရဲ့ အမူကျင့်တွေ အတုလိုက်ခိုး ကြေးကြီးကြီးကလပ်တွေမှာ မန်ဘာတွေဝင် မြို့မျက်နှာဖုံးတွေနဲ့မှ ပေါင်းမယ်ဆိုတဲ့ စိတ်ဇါတ် ဘယ်လိုမှ မွေးမရဘူး ။

တစ်ခါတစ်လေလည်း လက်တွေ့ကျကျပေါ့ကွာ ဟေ့ကောင် .. ဒါဘ၀ပဲ.. ခံစမ်း ခေါင်းမော့ရင်ကော့ပြီး ပြုံးပြုံးလေးနဲ့ ကျော်ဖြတ်တာ အသိဥာဏ်ရှိတဲ့သူတွေလို့ စာအုပ်တွေက သင်တယ်။ ကျွန်တော်ကတော့....

တစ်ခါတစ်လေလည်း တစ်ရက်မှာတစ်ခုခုတော့ ကိုယ့်အတွက်ကျန်အောင်ပညာသင်မှ ဆိုပေမဲ့ တစ်ဦးနှောက်လို့ ”ငွေ” ဆိုတာလွဲရင် ဘာမှမမြင်တော့တာလည်းလက်တွေ့ပဲ...

တစ်ခါတစ်လေလည်း အဖြစ်ချင်ဆုံး သူရဲကောင်းတစ်ယောက်နဲ့ တူအောင်နေရလွန်းတော့ ငါဟာငါ မဟုတ်တော့ဘူး ။ဘာအခက်ခဲဖြစ်ဖြစ်ဘ၀ရဲ့ တွန်းအားတွေပဲတဲ့ .. ကျွန်တော်ကတော့ ဒီလိုပဲ ဖြေဖြေတွေးလိုက်တော့  တွန်းအားတွေက ပျောက်ပျောက်သွားတယ် ။ ချွက်ယွင်းချက်အကြီးကြီးကတော့ ဘယ်တော့မှ ဘာကိုမှ စိတ်ထဲမှာကြာကြာမှတ်မထားခြင်းဘဲ......စိုင်းစိုင်းသီချင်းလို ”နာကျည်းတတ်တဲ့ စိတ်တစ်ခုကို ငါရချင်တယ်  ခွင့်မလွှတ်တတ်တဲ့ စိတ်တစ်ခုကိုငါရချင်တယ် ”  

အ၀ါရောင်(ရွှေရောင်) .. အပြာရောင်.လိုလို... အခုဘဲ မီးခိုးရောင်ဖြစ်ဖြစ်သွားတယ် ။ ဒါပေမဲ့ ခမ်းနားကြီးကျယ်ခြင်းရဲ့ ပြယုဒ် အနက်ရောင်က တစ်ခါတစ်လေ ခြေထောက်ပေါက်ပြီး ဒီကိုအလည်လာတတ်သေးလို့တော်သေးတယ်... ဖမ်းမရတဲ့ အဲဒီအရောင်တွေလို လိုက်ပြောင်းလဲနေတဲ့ကောင်.....

မင်္ဂလာနှစ်သစ် ၂၀၀၉  

Posted by sweety in

နှစ်သစ်မှာ ကျန်းမာအောင်မြင်ပြီး မိဘကျေးဇူးဆပ်နိုင်သောသူဖြစ်ပါရစေ......

ဒီရက်ပိုင်းဖတ်ဖြစ်တဲ့ စာတစ်စ  

Posted by sweety in

အသေးအဖွဲ့ အသုံးစရိတ်ဆိုသည်များကို သတိထားပါ အပေါက်သေးသေးလေးမှ တစိမ့်စိမ့် စီးဝင်ရင်း သင်္ဘော တစ်စီးလုံး နှစ်မြုပ်သွားတတ်သည်။

အရှုံးနှင့် ကြုံရမည်ကို တွေးတောကြောက်ကာ အားမထုတ်ဘဲ မနေပါနဲ့ ရှုံးနှမ့်ခြင်းဟူသည် ဘ၀မှာ မလွဲမသွေ ကြုံတွေ့ရမည့် အခြင်းအရာသာ ဖြစ်သည် ။ဧရာမကြီးကျယ်သော အောင်မြင်မှုတို့သည် ရှုံးပွဲအလီလီ ၏နောက်မှသာ လိုက်ပါလာစမြဲ ဖြစ်သည်။

အကျင့်တစ်ခုကို ပြတင်းပေါက်ကနေ လွှင့်ပစ်လို့မရ။ လှေကားဆင်းလမ်းအတိုင်း တစ်ကြိမ်မှာ တစ်ထစ်စီ ချော့ခေါ်ကာ ဖြည်းဖြည်းဆင်းခိုင်းရပေမည်။

ခြေလှမ်းကြီးကြီး လှမ်းရမည့်အခါမျိုးတွင် ကြောက်ရွံ့တွန့်ဆုတ်မနေပါနဲ့ ။ချောက်ကမ်းပါးတစ်ခုကို ဖြတ်သန်းရာမှာ ခြေလှမ်းငယ် နှစ်လှမ်းခွဲလှမ်းလို့ ရပါသလား။
ဦးဖေမြင့်

ဇော်ပိုင် ရဲ့ ယုံကြည်နေပါ  

Posted by sweety in

ယုံကြည်နေပါ

ဒီသီချင်းကို နားထောင်တိုင်း .... အရမ်းမိုက်တယ် ... ကျွန်တော့်အတွက်အမှတ်တရတွေ အများကြီးနဲ့ သီချင်းလေးပါ...

ဒါကတော့သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ ကဗျာလေးပါ

၁၉၇၀ လောက်ကဆိုင်ကယ်  

Posted by sweety in


မန်းလေးက ယိုးဒယားသင်္ဘောသီးထောင်း ဆန်ပြားညှပ်တို့ နာမည်ကြီးတဲ့ ဖောင်တော်သီဆိုရင် သိကြမယ်ထင်တယ်နော ... ဖောင်တော်သီက ကိုအောင်တို့သူငယ်ချင်း.. မန်းလေးသားတစ်စုရယ်
၁၉၇၀ လောက်ကထုတ်တဲ့ ဆိုင်ကယ်လေးတွေ၇ယ်....
ပြီးခဲ့တဲ့ ၂၀၀၇ ကန်တော်ကြီးစိန်ရတုတုန်းသွားတုန်းက အမှတ်တ၇ပုံပါတဲ့ .......

ဘ၀အကွေ့များ  

Posted by sweety in

တခါတခါ အောင်မြင်မှုတွေနဲ့ ဘ၀ကို ကျေနပ်လို့
ကိုယ်တိုင်တောင်မသိတဲ့ မာနမျိုးနဲ့ ထောင်လွှားတတ်ခဲ့မိတာ....
တခါတခါ ဆုံးရှုံးခြင်းနဲ့ဆုံချိန် ကြေကွဲခြင်းတွေကို ထွေးပိုက်လို့
ရီဝေေ၀မျက်ဝန်းတွေကြားက မျက်ရည်ဥတို့ ထွက်ကျလုလု ဖြစ်ခဲ့တာ....

တခါတခါ စိတ်ခွန်အားအပြည့်နဲ့ ဘ၀ရဲ့ ရုန်းကန်ခြင်းဆိုတာ မပြောပလောက်သလိုပဲ
ရုန်းရင်းကန်ရင်းနဲ့ ဘ၀ကို ကျေနပ်လိုက်တာ....
တခါတခါ ဘ၀ဆိုတာကို နာကြည်းလို့ ခါးသီးမှုတွေကို ကြောက်ရွံ့ရင်း
ဖြစ်တည်လာတဲ့ ဘ၀ကို အလျော့ပေးလိုက်ချင်တာ....

တကယ်ဆိုရင်.. ဖြစ်တည်လာတဲ့ ဘ၀မှာ တွေ့ကြုံလာတဲ့ အခြေအနေကို
အလိုက်တသင့်လက်ခံနိုင်ဖို့ကြိုးစားရင်း ရှင်သန်ခြင်းတွေကို အဓိပ္ပာယ်ရှိစေသင့်တာ.........
(လောကဓံနဲ့ဆုံလာတိုင်း ပျော်ရွှင်မှုတွေ ၊ ကြေကွဲမှုတွေကို ဟက်ဟက်ပက်ပက် ခံစားတတ်ကြသူ အားလုံးသို့ ရည်ညွှန်းပါသည်)

တစ်ဗီဇနာဆိုတာ..ခဏပါ..  

Posted by sweety in

ရေသေအိုင်မှာလက်ပန်းကျမှ အတိတ်တွေရစ်ဘီးနဲ့ပြန်ရစ်ရင်း
တစ်ကပြန်စချင်နေမိရဲ့..
တကယ်တော့... သိုးစော်နံနေတဲ့မျက်ဝန်းထဲကစာ အလွတ်ကျက်ရတာမကောင်းဘူး.. နံရိုးအငှားနဲ့လူဖြစ်ရတာမကောင်းဘူး
စစ်တုရင်ခုံပေါ်က နယ်ရုပ်တစ်ရုပ်ဖြစ်ရတာမကောင်းဘူး..
အဆင်မပြေမှုတွေ သီချင်းလုပ်ဆိုရတာ မကောင်းဘူး..
ငြိမ်းချမ်းစွာသဘောထားကွဲလွဲခွင့်ဟာ ကိုယ့်စိတ်ကိုအစိပ်စိပ်အမြွှာမြွှာပြိုကွဲစေခဲ့
သွေးပေါင်ကျနေတဲ့လမ်းကလေးထက်မှာ ရယ်စရာအလွမ်းဇာတ်ကပြဖို့ကြိုးစားရင်း
အခွံချည်းသက်သက် အဇ္ဈတတွေသာ...
ကိုယ်ကျင့်တရားခံတပ်နား......အကြိမ်ကြိမ်စွန့်ပစ်ခြင်းခံခဲ့ရတယ်..။
ခုတော့လည်း.. စံပေယ်ဖြူတွေသာ တုန်းခဲ့ပါပေါ့
ထိန်းထားတဲ့ကြားက မာနတွေ ဖဲ့...ဖဲ့..
သတိနဲ့သာ ဗလာနတိညတွေဖြတ်သန်းရင်း
အတွင်းကြေဒဏ်ရာများစွာနဲ့. ဘ၀မှာတစ်ခါတော့လင်းခွင့်ရခဲ့ချင်သေးတယ်..။

ငါ့ရင်ထဲက Alpha Centauri  

Posted by sweety in

သိပ်ချစ်မိတဲ့အခါ မင်းရဲ့ ညစ်တစ်တစ်အပြုံးတွေလည်း
ကြယ်တွေပျော်နေကြသလို ငါ့ရင်ထဲ သိုက်သိုက်ဝန်းဝန်းနဲ့
မသိမသာလေး မှော်တွေဝင်နေခဲ့တာ ..

ညတွေညတွေမှာ နင့်အကြောင်းတွေးမိရင်လေ ဟောဒီ ဘယ်ဘက်ရင်ခွင်မပြောနဲ့
ငါ့ကောင်းကင်ဥယျာဉ်ထဲက မောင်ရင်ဆိုင်းထမ်းကြယ်လေးတောင် မညီမညာနဲ့ ယိုင်နဲ့ကုန်တယ် ... နင်သိခဲ့လား ??? နင့်အကြည့်နက်နက်တွေ ပိုင်ဆိုင်ရဖို့
ငါ့အိပ်မက်ညိုတွေကို အဆိပ်ခတ်ရဲတဲ့အထိ ငါမိုက်ရူးရဲခဲ့တာ ... နင်သိခဲ့လား ???
နင့်အပြုံးပွင့်နုတွေကို သိမ်းထားဖို့ ငါ့အတ္တနဲ့ မာနတွေကို တသွင်သွင်ရိုက်ချိုးခဲ့တဲ့အထိ ငါရူးသွပ်လွန်းခဲ့တာ ...

နင်ဟာ ... ငါ့ရင်ကိုငြိမ်းအေးစေတဲ့ တစ်ပွင့်တည်းသော မီးတောက်ကြယ်ပါပဲ ...
ဟုတ်တယ် ... ငါလမ်းတွေမှားခဲ့တယ် အလွမ်းတွေလည်း ခါးခဲ့တယ်လေ ..
နင်ပြန်စဉ်းစားကြည့်ပါ ... အနမ်းတွေကတော့ ခပ်ပါးပါးရယ်ပါ ....
နောင်တတွေနဲ့ ဆန္ဒတွေ....တစ်ပွင့်ကြွေ၊ တစ်ပွင့်လန်း တစ်ပွင့်နွမ်း၊ တစ်ပွင့်ဝေနဲ့
ငါ့ရင်ထဲမှာတော့ မိုးမိလို့ဖျားတဲ့ စံပယ်တွေ ကြွေလို့ကောင်းနေဆဲ ...

မိုးတွေရွာနေတာမဟုတ်ဘူး ...အဲဒါ ကြယ်တွေရဲ့ မျက်ရည်တွေ
သူတို့တွေ ငိုနေမှန်း မသိအောင်လို့
တိမ်ညိုကတ္တီပါတွေ ခြုံလွှမ်းထားကြတာ တိတ်သွားတော့မှ နင်မော့ကြည့်လိုက်
ညဥ့်ကောင်းကင်ယံမှာ သူတို့တွေ .....မျက်ရည်စတွေနဲ့ ပြာလဲလင်းလက်နေလိမ့်မယ် ...
လေပြေသွေးလာရင်လည်း သူတို့တွေ တီးတိုးဆိုသံ နင်ကြားရမှာပါ

နင့်ကိုငါ ရင်နှင့်အမျှ မြတ်နိုးတယ်ဆိုတာကို
နင်က ငါ့ရဲ့ Alpha Centauri ဆိုတာ ...

အမေးမရှိ အဖြေမရှိ  

Posted by sweety in

ဘယ်သူမှမရှိဘူးဆိုလည်း တစ်ယောက်ထည်းအတွေးတွေက လေရူးလိုတိုးဝှေ့ရင်း
အတိတ်သစ်ရွက်တွေ အခန်းထဲမွကြဲနေ . . .။
ဘာမှမရတော့ဘူးဆိုလည်း....အထိတ်တလန့်ခြေသံတွေနဲ့ မရေမရာခြင်းဆီ တည့်ငေးရင်း
စိတ်က တောင်တောင်မြောက်မြောက်ပြေးလွှားနေတယ်

ရောက်ချင်ရောက်စေပေါ့ကွယ် ကိုယ့်ဆီပြန်မလာခဲ့နဲ့ . . .။
ဘာမှမကျန်တော့ဘူးဆိုလည်းအမြဲဆာလောင်နေတတ်တဲ့
ကိုယ့်နှလုံးသားကို ဘာပေးရမှာလည်းလို့ အထပ်ထပ်မေးနေမိတယ်..။
အဖြစ်ကတစ်ခါတည်းပါ လူ ဆိုတဲ့ရုပ်ဝတ္ထုတစ်မျိုးပေါ့ . . . .။
ကိုယ်မွေးဖွားခြင်းခံရတဲ့အကြောင်းအရာကိုရော အမှန်တကယ်ပျော်ရွှင်နိုင်ရဲ့လား

ကိုယ့်အနား . . . .ဘယ်သူမှမရှိတော့တဲ့အခါ
ကိုယ်တောင်းဆိုသမျှ . . .ဘာမှမရနိုင်တော့တဲ့အခါ
ကိုယ့်ဘက်ကပေးဆပ်စရာ . . .ဘာမကျန်တော့တဲ့အခါ
ပျော်ရွှင်ခြင်းရဲ့ ဖွင့်ဆိုမှုများကို ရှင်းလင်းနားလည်နိုင်ဖို့ရာ
ကျွန်တော် ဘာသာစကား မလုံလောက်နိုင်ခဲ့ပါ

ကိုယ်ကိုယ်တိုင်ရွှေ့သော ကျားကွက်များ  

Posted by sweety in

ည ကို သန်းခေါင်ယံအထိစကားပြောတယ်။ နေမင်းကို မနက်၉နာရီ ကျော်မှနှုတ်ဆက်တတ်တယ်။ ဒါက ကျွန်မစာမျက်နှာရဲ့ ပထမဆုံး... အဖွင့်...နှင့်..အပိတ်..။

အမြစ်တွယ်တဲ့ အထိကောင်လေးတွေအကြောင်းစိုက်ပျိုးမယ်။
အတွင်းသားနုလှတဲ့ အသည်းနှလုံး ကိစ္စကို လူတွေမမြင်အောင်သိုဝှက်ထားမယ်။
နားတစ်ဖက်မကြားရတဲ့ honey တစ်ယောက်ရဲ့ အားနည်းချက်ကို မေ့ထားမယ်။
ပိန်လှီလှတဲ့ ကိုယ့်ခန္ခာကို ၀၀ဖီးဖီး ဖြစ်အောင်တန်ဆာဆင်ထားမယ်။
လိပ်စာကဒ်တွေ အပြည့်ထည့်ထားတဲ့ ပိုက်ဆံအိပ်ကို အင်္ကျီအိပ်ကပ်ထဲထည့်ထားမယ်။
တံဆိပ် မကောင်းတဲ့ အ၀တ်အထည်တွေကို ဈေးကြီးပေးဝယ်ထားရသလို ၀တ်စားထားမယ်။ သမီးလိမ္မာတစ်ယောက်လိုထင်အောင် ပတ်ဝန်းကျင်ကို သက်သေပြမယ်။

လက်ဖက်ရည်ဆိုင်ထိုင်လို့ဖရုသ၀ါစာ စကားတွေကိုRapသီချင်းလုပ်ပြီးဘော်ဒါတွေနဲ့အပြိုင်ရွတ်။ ကျွန်မကိုပြန် မကြိုက်တဲ့ russia က ကျောင်းသားလေးအကြောင်း PK ထဲထည့်ဝါးလို့ ခပ်ပေါ့ပေါ့လေးထွေးထုတ်ပစ်မယ်။
chatingထဲမှာဘယ်ကောင်လေးကဘယ်လိုခိုက်နေကြောင်း ထင်ထင်ပေါ်ပေါ်မော့သောက်ပြမယ်။

ပြီး....ရင်............ ကျွန်မအားနည်းချက်တွေကို ခေါက်သိမ်းလို့..........
ကျွန်မတိတ်တခိုးဆိုတဲ့ ကြယ်ကလေးရဲ့ computer့ မှာ လေချွန်သံပေးလို့.... ကျွန်မ..ခြေအေး..မျက်စိနာ..။
ဒီလို...ကျွန်မကိုယ် ကျွန်မ နှင့် ပတ်ဝန်းကျင်အပေါ် ဖုံးလို့ဖိလို့
အမေ့အိမ်တံခါးကို အလုပ်များသလိုလက်နဲ့ခေါက်...။
ကောင်လေးအတွက်ပြောမထွက်ခဲ့ချင်းများကိုတော့ တံခါးပိတ်.....ဂျိတ်...လုပ်ကာ..
သန်းခေါင်ယံအတွက် မျက်စိမှိတ်လို့ အိပ်စက်ခြင်းတွေ စတေးလိုက်တယ်..
အိပ်မက်တွေကို ကျွန်မ မပိုင်ခဲ့တာကတော့သေချာပါတယ်

ဒုတိယနှင်းဆီ  

Posted by sweety in

ကျေးဇူးပြု၍ ကျွန်မစစ်ရှုံးကြောင်းမကြေငြာပါနဲ့
စစ်ပွဲမစခင်ကတည်းက ရှုံးနှိမ့်ကြောင်းဝန်ခံထားပြီးသားပါ
ကျေးဇူးပြု၍ သူခိုး သူခိုး...... လို့မအော်ပါနဲ့
ကျွန်မရဲ့မှားယွင်းတက်မက်မှုအတွက်.... ကျွန်မ ကိုယ် ကျွန်မခွင့်မလွှတ်နိုင်လို့ပါ
ကျေးဇူးပြု၍ လိပ်ဆိုတာ တခြားရှုထောင့်ကြည့်ရင် ဂျပိုး ဆိုတာ မပြောပါနှင့်............။

ကျွန်မ မှာခံနိုင်ရည်မရှိ ဘူး ဆိုတာရှင်အသိဆုံးပါ...........။
ကျေးဇူးပြု၍ အရောင်အသွေးများနဲ့အတိုက်ခိုက်ပါနဲ့
ကျွန်မ သုံ့ပန်းဆိုတာ အားလုံးနားလည်ပြီးသားပါ

ကျေးဇူးပြု၍ အသက်ရှူသံလေးခဏတိုးပေးပါ ရင်ခုန်သံကြားရင်တောင် ငိုချင်နေတဲ့အဖြစ်ပါ
ကျေးဇူးပြု၍ လေလှိုင်းတွေနဲ့မတိုက်ခိုက်ပါနဲ့ ကျွန်မ ကြွက်ကိုတောင်ကျားထင်နေလို့ပါ
ကျေးဇူးပြု၍ တိတ်တိတ်လေးနေပေးပါ ကျွန်မအသဲကွဲနေတာ ကျွန်မနှလုံးသားတွေကြားကုန်မှားစိုးလို့ပါ

အဖြူရောင်နှလုံးသားတစ်ခု၏နောက်ဆုံးမှတ်တမ်းရယူခြင်းလား ပေးဆပ်ခြင်းလား
ဆောင်းမနက်ခင်းတစ်ခုကို ငေးကြည့်ရင်း
ကျွန်မသေဆုံးခဲ့ရတယ်။

နောက်ပြန်လှည့်မကြည့်လိုတဲ့
မိုးနေ့တွေက ကျွန်မချစ်တက်ခဲ့ကြောင်း ပြောပြလိမ့်မယ်။

အလွမ်းနွံ ထဲက
အနမ်းနေ့စွဲတွေ..............က
မဆုံးဖြတ်ရဲလို့ ဆုံးရှုံးလိုက်ရခြင်းအတွက်
ကောင်းချီးပေးလိမ့်မယ်။

ဆက်သွယ်မှုပြင်ပကနေ့စွဲတွေက ကျွန်မကိုနာကြည်းတက်အောင်
သင်ကြားပေးနေတယ်။
အဆာပြေမျှော်လင့်နေတဲ့ တယ်လီဖုန်းခေါ်သံက.....
ကျွန်မ ကိုမုန်းတည်းတက်အောင် လေ့ကျင့်ပေးနေတယ်။

မည်မျှလွမ်းဆွတ်နေရတယ်ဆိုတာ...............honey သာနားလည်းနိုင်လိမ့်မယ်...

ThiriSweet

First pic of SHP draw  

Posted by sweety in



 လှလှလေးမဟုတ်ပေမဲ့ ပထမဆုံးဆွဲဖြစ်တာလေးမို့
တင်လိုက်တာ ခံစားပေးပါအုံးနော

ငယ်ငယ်တုန်းက ကျွန်တော် နှင့် ငှက်ကလေး  

Posted by sweety in

ကျမတို့အိမ်ရဲ့ဘုရားခန်းက ဘုရားဆွမ်းတော်တွေကို ငှက်ကလေးတွေလာလာစားကြတယ်
စိတ်ညစိတယ် ချစ်လည်းချစ်တယ် ကိကျိကိကျိနဲ့ ဘုရားတင်ထားပါတယ်ဆို သူတို့က ပြတင်းပေါက်ကနောင်ာင်ပြီးစားကြတယ် နေ့တစ်နေ့ပေါ့ အဲဒီကောင်လေးတွေ ၀င်လာတော့ ကျမနဲ့ညီမလေးတံခါးတွေလိုက်ပိတ်ကြတယ် ကျမတို့ငှက်ကလေးတွေကို ဖမ်းကြမယ်ဆိုပြီး ညီမလေးနဲ့ ဖေဖေတို့ရဲ့တဘက်ကြီးယူပြီး ရိုက်တာပေါ့ ငှက်လေးသနားတော့သနားပါတယ် သူ့ဟိုဘက်ပျံလည်း ညီမလေးက သူ့အကျီလေးနဲ့ ရိုက် ဒီဘက်ပြန်လည်း ကျမက တဘက်နဲ့ရိုက်တော့ ငှက်လေးမူးပြီး ပြုတ်ကျလာတယ် လှလိုက်တာ ငှက်လေးက ညီမလေးနဲ့ကျမ တစ်ယောက်တစ်လှည့်စီ လုပြီး ငှက်ကလေးကို ရင်ခွင်ထဲမှာ ဖွတ်ထားတာ... (တဒုန်းဒုန်းနဲ့ ဆူညံနေတော့ဖေဖေ တတ်လာပြီ)ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်မလဲ ငှက်ကလေးကို ဘယ်မှာ ဖွက်ထားမလဲ ဆိုပြီး...ဘေးမှာတွေ့တဲ့ ရေခဲသစ်တာထဲ ထည့်ထားလိုက်တာပေါ့ ဟိ.... ဖေဖေလာတော့ ဘာမှမဟုတ်သလိုနေနေတာပေါ့ ဘယ်ရမလဲနော ဖေဖေဆင်းသွားမှ ငှက်လေးကို ရေခဲသစ်တာထဲက ထုတ်လိုက်တော့ ငှက်လေး တစ်ဒုတ်ဒုတ်နဲ့တုန်နေပြီလေ ဘာလုပ်ရမလဲလဲမသိဘူး ငှက်လေးလည်း ချမ်းနေပြီ ကျမတို့တော့ ချမ်းရင်စောင်ခြုံတယ်လေ ငှက်လေးလည်းစောင်ခြုံ ထဲသွားထည့်ထားမယ် ဟုတ်တယ် (၁၅မိနစ်လောက်ကြာတော့)ဟင်း စောင်ခြုံ ထဲက ငှက်လေးက တုန်နေတုန်းဘဲ ရှင့် ဘယ်လိုလုပ်မလဲ ? ငှက်လေးအရမ်းချမ်းနေပြီ...မီးလှုံရရင်ကောင်းမယ် ဆိုပြီး ဘယ်မှာမီးလှုံမလ၊ဲ ညီမလေးက သူ့စာအုပ်အဟောင်းတွေရယ် မေမေမီးမွေးသလို ထင်းရှုးဆီတွေရယ်ယူပြီးမီးမွေးကြတာလေ မီးချစ်ကလည်း ချစ်ရတာခက်လိုက်တာ ( မီးခြစ်က သစ်သားမီးခြစ်လေး) တော်ပြီဆိုပြီး ကျမရေချိုးခန်းနားက ဓါတ်ဆီရှိတယ် အဲဒါသွားယူလိုက်ပြီး ငှက်လေးပေါ်လောင်းချ လိုက်တယ် ပြ။ိတော့ ခက်ခက်ခဲခဲ မီးခြစ်ကိုခြစ်လိုက်သေးတယ် (ငှက်လေးရေ မီးတောက်တော့မယ် နော် မချမ်းတော့ဘူး)ခနနေရင် ....နွေးလာတော့မယ်နော် နောက်ဆုံး ....ကျမတို့ညီမလက်ချက်နဲ့ မီးထဲမှာခုန်ဆွခုန်ဆွနဲ့သေသွားရှာတယ်
သူ့ကို အစက လိုက်ပြီး မီးသတ်ပေးသေးတယ် နောက်မရပါဘူး ငှက်လေးသေသွားတယ် ကျမတို့လည်းအရမ်းကြောက်တာပဲ ငရဲကြီးတော့မယ်ဆိုပြီး ငှက်လေးအတွက်တစ်ခုခုလုပ်ပေးမယ်ဆိုပြီး စဉ်းစားကြတယ် ညီမနှစ်ယောက်..... ဟိုတစ်လောတုန်းက အဘိုးဆုံးတုန်းက သူ့အတွက် ရွှေစက်ကူ ငွေစက်ကူတွေမီးရှို့ပေးတာ
ကျမတို့ ညီမတွေ မြင်ဖူးတော့ ငှက်လေးအတွက်လည်း ရွှေစက်ကူတွေ ငွေ စက်ကူတွေ မီးရှို့ပေးချင်တယ် ဒါပေမဲ့ ဘယ်မှာသွားဝယ်ရမလဲလဲ မသိဘူးလေ ငှက်လေးပိုပြီး ကုသိုလ်ရအောင်ဆိုပြီး ကျမတို့ ဖေဖေ ပိုက်ဆံတွေ ယူပြီး တစ်ရွက်ပြီးတစ်ရွက်မီးရှို့ ကြပါတယ် ငှက်လေးအတွက် ရည်စူးပြီးတော့ပေါ့
မီးခြစ်ကလည်း ခြစ်ရအရမ်းခက်တာရော် နောက်ထပ်မီးမခြစ်နိုင်သေးခင် ပိုက်ဆံတစ်ရွက်ကုန်သွားပြီ
ကျမတို့ ညီမနှစ်ယောက် အလျင်မီအောင်ကို မနည်းရှို့နေရတယ်.......... အဲတုန်း ဖေဖေက ညော်နံလို့ ဆိုပြီးတတ်လာတော့ သူ့ပိုက်ဆံက တစ်ဝက်ကျိုးတော့မယ် .......

ကြိုပွိုင့်ပြသနာ  

Posted by sweety in

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ အရ အရေးမယူနိုင်ခြင်း

တရားလိုထံမှ တရားခံကစရန်ငွေကိုရယူစဉ်အချိန်တွင် တရားခံ သည်မရိုးမဖြောင့်သောသဘောနှင့် လိမ်လည်ရန် အကြံရှိသည်ဟု ပေါ်ပေါက်မှသာ ပြစ်မှုကြောင်းအရ အရေးယူနိုင်မည်ဖြစ်သည်။ စရန်ငွေရယူပြီးနောက် အကြောင်းတစ်ခုခုကြောင့် တရားခံကတိုက်မဆောက်နိုင်ခြင်းမှာ ကတိက၀တ်ကိုဖောက်ဖျက်ရာ ရောက်နိုင်သော်လည်း လိမ်လည်လှည့်ဖျားပြီး စရန်ငွေကိုရယူကြောင်းမပေါ်ပေါက်သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀အရ အရေးမယူနိုင်ပေ။

The song i like  

Posted by sweety in

Never Be Replaced
1st Ladi

powered byLeo's Lyric Database

Baby I love you and i'll never let you go
But if I have to boy I think that you should know
All the love we made can never be erase
And i promise you that you will never be replaced
Baby I love you and I'll never let you go
But if I have to boy I think that you should know
the love we made can never be erase
And i promise you that you will never be replaced
I love you yes i do
I'll be with you as long as you want me too
Until the end of time
From the day I met you
I know we've be together
And now I know I wanna be with you forever
I wanna marry you and i wanna have your kids
Thinking never compares to the feelings of your kisses
I can say i'm truly happy to this day
You've made me thank God that i lived my life everyday
There's never been no doubt in my mind
That i regret ever having you by my side
But if this day comes that i'll have to let you go
I think theres something I should probably let you know
With everyday that i spent with you
and i won't miss you cuz i'm happy that i had you at all
Baby I love you and i'll never let you go
But if I have to boy I think that you should know
the love we made will never be erase
And i promise you that you will never be replaced
Baby I love you and I'll never let you go
But if I have to boy I think that you should know
the love we made can never be erase
And i promise you that you will never be replaced

I feel for you yes i do
I'll be with you as long as you want me to
Until the end of time

သီချင်းလေး  

Posted by sweety